“အမေရိကန်နှင့် စစ်ပွဲပြန်ဖြစ်ရန် အလားအလာရှိကြောင်း အီရန်အရာရှိတစ်ဦး သတိပေး”

03 May

အီရန်နိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု အဆိုပြုချက်အသစ်အပေါ် အမေရိကန်သမ္မတ ထရမ့် က ကျေနပ်မှု မရှိဟုပြောပြီးနောက် အမေရိကန်နှင့် အီရန်အကြား တိုက်ပွဲများပြန်ဖြစ်ရန် အလားအလာရှိနေကြောင်း အီရန် စစ်ဘက်အရာရှိတစ်ဦးက မေလ ၂ ရက်တွင် ပြောသည်။ အမေရိကန်နှင့် အစ္စရေးတို့ကစတင်သော အဆိုပါစစ်ပွဲမှာ ဧပြီလ ၈ ရက်မှစတင်၍ ခေတ္တရပ်တန့်နေခြင်း ဖြစ်သည်။ အီရန်က အမေရိကန်သို့ပေးပို့သည့် ကမ်းလှမ်းချက်ကို ကျေနပ်မှုမရှိကြောင်း ထရမ့် က သတင်းထောက် များကိုပြောပြီး အီရန်ခေါင်းဆောင်ပိုင်းအတွင်း သဘောထားကွဲလွဲမှုများကြောင့် ဆွေးနွေးပွဲများ ရှေ့မတိုးနိုင်ဖြစ်နေ ရသည်ဟု အပြစ်တင်ထားသည်။ ထို့ပြင် ၎င်းအနေဖြင့် အီရန်ကို အပြီးတိုင်ချေမှုန်းမည့် ရွေးချယ်စရာထက် သဘောတူညီချက်တစ်ခု ရရှိရန်သာ ပိုမိုလိုလားကြောင်း ထည့်သွင်းပြောထားသည် ဟုသိရသည်။

03 May

ADVERTISE HERE .