“နည်းပြရာထူးအတွက် အလွန်ဆို ကို ခေါ်ယူရန် ချဉ်းကပ်နေတဲ့ ချဲလ်ဆီးအသင်း”
02 May
ချဲလ်ဆီးအသင်းဟာ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် ရီးရဲလ်နည်းပြဟောင်း အလွန်ဆို နဲ့ သူ့ရဲ့ အေးဂျင့်ကို ချဥ်းကပ်နေကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ နည်းပြ လီယမ်ရိုဆီနီယာ ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် မက်ဖာလိန် ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တာဝန်ပေးထားပါတယ်။ လက်ရှိအချိန်မှာ ဘုန်းမောက်နည်းပြ အီရာအိုလာ က ချဲလ်ဆီးနည်းပြသစ်ဖြစ်လာဖို့ အလားအလာအကောင်းဆုံးဖြစ်ကြောင်း ထင်ကြေးပေးမှုတွေရှိနေပေမယ့် ချဲလ်ဆီး အသင်းက တခြားနည်းပြတွေကိုလည်း နည်းပြသစ်လျာထားစာရင်းထဲ ထည့်သွင်းထားကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ်လျာထားစာရင်းထဲမှာ မာကိုဆေးလ်ဗား နဲ့ ဇာဗီ တို့လည်း ပါဝင်နေပြီး အလွန်ဆို ကသာ ချဲလ်ဆီးအသင်းကို ကိုင်တွယ်ဖို့စိတ်ဝင်စားရင် ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေက သူ့ကို ဦးစားပေး ကမ်းလှမ်းဖွယ်ရှိကြောင်းလည်း သိရပါတယ်။(NVS 008)
02 May