“ဖီဖာကွန်ဂရက်ကို အီရန် တက်ရောက်ခဲ့ခြင်းမရှိပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ အင်ဖန်တီနို အခိုင်အမာပြောကြား”

02 May

ဖီဖာကွန်ဂရက်ကို အီရန်နိုင်ငံ တက်ရောက်ခဲ့ခြင်း မရှိပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်း ပါဝင်ယှဉ်ပြိုင်ရမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနို က အခိုင်အမာပြောကြားခဲ့ပါတယ်။ ဖီဖာကွန်ဂရက်ကို ကနေဒါနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပြီး ဖီဖာအဖွဲ့ဝင်နိုင်ငံ ၂၁၁ နိုင်ငံထဲက အီရန်နိုင်ငံ ကလွဲရင် ကျန်တဲ့နိုင်ငံအားလုံး တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အီရန်သတင်းဌာနတစ်ခုကတော့ အီရန်ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ မက်ဒီတက်ချ် နဲ့ တာဝန်ရှိသူနှစ်ယောက် ကွန်ဂရက်တက်ရောက်ဖို့ သွားခဲ့ပေမယ့် ကနေဒါနိုင်ငံရဲ့ တိုရွန်တိုလေဆိပ်မှာ ဝင်ခွင့်မရခဲ့တာကြောင့် ကွန်ဂရက်ကို တက်ရောက်နိုင်ခြင်းမရှိကြောင်း ဖော်ပြခဲ့ပါတယ်။(NVS 008)

02 May

ADVERTISE HERE .