“လွှတ်တော်သည် နိုင်ငံနှင့်ပြည်သူလူထုအတွက် အားကိုးအားထားဖြစ်စေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်အောင် ဆောင်ရွက်ရန်တိုက်တွန်း”

02 May

လွှတ်တော်သည် နိုင်ငံနှင့်ပြည်သူလူထုအတွက် အားကိုးအားထားဖြစ်စေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်အောင် ဆောင်ရွက်သွားကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ က ပဲခူးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များကို မေလ ၁ ရက်နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရုံး၊ ဥဿာပြည့်စုံခန်းမ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေပြုရေးလုပ်ငန်းတာဝန်များကို ဆောင်ရွက်သည့်အခါ ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများနှင့် စပ်လျဉ်း၍ ယနေ့ခေတ်ကာလ အချိန်အခါနှင့်ကိုက်ညီမှု ရှိ/မရှိ၊ ပြင်ဆင်ဖြည့်စွက်ရန် လို/မလို၊ ဖျက်သိမ်းရန်နှင့် အသစ်ပြန်လည်ပြဋ္ဌာန်းရန် လို/မလိုနှင့် ပြည်သူများကို ကာကွယ်ပေးနိုင်သည့် ဥပဒ ဟုတ်/မဟုတ် တို့ကို စိစစ်ဆောင်ရွက်ရမည်မှာ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဒီမိုကရေစီအစိုးရတစ်ရပ်တွင် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် စသည့် မဏ္ဍိုင်ကြီးသုံးရပ်ရှိကာ မိမိတို့အနေဖြင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်တို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်တွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိထားရန်လိုအပ်ကြောင်း၊ သို့မှသာ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သော ကိစ္စ ရပ်များနှင့် ပြည်သူလူထု၏ လိုလားချက်များကို အနီးစပ်ဆုံး ဖော်ဆောင်ပေးသွားနိုင်မည်ဖြစ်ပါကြောင်းနှင့် လွှတ်တော်သည် နိုင်ငံနှင့်ပြည်သူလူထုအတွက် အားကိုအားထားပြုရသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။(NVS 004)

02 May

ADVERTISE HERE .