“ချန်ပီယံလိဂ်နိုင်ပွဲ(၅ဝ) အမြန်ဆုံးပြည့်မြောက်သူအဖြစ် နည်းပြ အန်နရီကေး စံချိန်မှတ်တမ်းဝင်”

01 May

ပီအက်စ်ဂျီအသင်းနည်းပြ အန်နရီကေး က ချန်ပီယံလိဂ်နိုင်ပွဲ(၅ဝ) အမြန်ဆုံးပြည့်မြောက်သူအဖြစ် စံချိန်မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ နည်းပြ အန်နရီကေး ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းက ဘိုင်ယန်မြူးနစ်အသင်းအား ငါးဂိုး၊ လေးဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်အား ကိုင်တွယ်ပြီးနောက် ယခုလိုမှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ အန်နရီကေး အနေနဲ့ နည်းပြဘဝတွင် ချန်ပီယံလိဂ် ၇၇ ပွဲကိုင်တွယ်ကာ နိုင်ပွဲ ၅ဝ ရယူ နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အသက်(၅၅)နှစ်အရွယ် နည်းပြ အန်နရီကေးက အခုလိုမှတ်တမ်းကောင်းတစ်ရပ် ပိုင်ဆိုင်ခဲ့လို့ ပျော်ရွှင်မိပြီး နောက်လာမည့် ပွဲစဉ်တိုင်းကိုလည်း အနိုင်ရရှိအောင် ကြိုးစားပြီး အသင်းအတွက် ချန်ပီယံဆုကြီးကို ရယူပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

01 May

ADVERTISE HERE .