“စူပါဘင်တန်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံခါးပတ်အတွက် နာအိုယာ က နာကာတာနီနှင့် ထိုးသတ်မည်”
01 May
WBA၊ WBC၊ IBF၊ WBO စူပါဘင်တန်ဝိတ်တန်းချန်ပီယံ ဂျပန်လက်ဝှေ့သမား နာအိုယာ က စူပါဘင်တန် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် IBF စူပါဘင်တန်ဝိတ်တန်း ချန်ပီယံ ဂျပန်လက်ဝှေ့သမားတစ်ဦးဖြစ်သည့် နာကာတာနီ နှင့် မေလ ၂ ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ထိုးသတ်ရန်အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ ကြောင်း Boxing Scene သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် နာကာတာနီ ဟာ စိန်ခေါ်ပွဲ ၃၂ ပွဲထိုးသတ်ထားပြီး ရှုံးပွဲမရှိစံချိန်ကို ရရှိထားသလို အသက် ၃၃ နှစ်ရှိ နာအိုယာ သည်လည်း စိန်ခေါ်ပွဲ ၃၂ ပွဲထိုးသတ်ထားပြီး ရှုံးပွဲမရှိသေးသည့် ချန်ပီယံဖြစ်ပါတယ်။ အောင်မြင်မှုအရ နာအိုယာ က သာလွန်သော်လည်း အတွေ့အကြုံပိုင်းမှာ တူညီနေသဖြင့် အနိုင်အရှုံးရလဒ်အတွက် ခန့်မှန်းရခက်သည့် စိန်ခေါ်ပွဲဖြစ်လာခဲ့ပါတယ်။(NVS 008)
01 May