“အီရန်နှင့် လက်ဘနွန်တို့၏ အဓိကလျှို့ဝှက်ဌာနများကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီဟု အစ္စရေး ထောက်လှမ်းရေးအေဂျင်စီဆို”
29 Apr
အစ္စရေးထောက်လှမ်းရေးနှင့် အထူးစစ်ဆင်ရေးအေဂျင်စီ(Mossad)သည် အီရန်နှင့် လက်ဘနွန်တို့၏ အဓိကလျှို့ဝှက်ဌာနများကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး ပစ်မှတ်ထားနိုင်ငံများတွင် ဆန်းသစ်၍ စွန့်ဦးတီထွင်မှု ရှိသော လုပ်ဆောင်မှုစွမ်းရည်များကို ပြသခဲ့သည်ဟု ယင်းအေဂျင်စီအကြီးအကဲ David Barnea က ဧပြီလ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ Mossad သည် ရန်သူ၏ အချက်အချာကျသည့် လျှို့ဝှက်ဌာနများမှ မဟာဗျူဟာနှင့် နည်းဗျူဟာဆိုင်ရာ ထောက်လှမ်းရေးအချက်အလက်များကို ရယူကာ တီဟီရန်၏ အဓိကနယ်မြေများအပေါ် တိုက်ခိုက်မှု လုပ်ဆောင်နိုင်ရန် ကူညီပေးခဲ့ပြီး အစ္စရေး၏ လေကြောင်းအားသာချက်ကို သေချာစေခြင်းနှင့် မိမိနယ်မြေများကို ကာကွယ်ခြင်းစသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း Barnea က ဧပြီလ ၂၇ ရက် ညပိုင်းတွင် Mossad ဌာနချုပ်၌ ကျင်းပသော အခမ်းအနားတစ်ခု၌ ပြောကြားခဲ့သည်။ Mossad သည် လျှို့ဝှက်သံတမန်ရေး လှုပ်ရှားမှုကိုလည်း ဆောင်ရွက်ခဲ့ရာ ယင်းက ဒေသတွင်း မဟာမိတ်တည်ဆောက်မှုနှင့် အစ္စရေးမဟာဗျူဟာနက်ရှိုင်းမှု ချဲ့ထွင်ရေးအတွက် အလွန်အရေးပါကြောင်း Barnea က ပြောကြားခဲ့သည်။ ယင်းမတိုင်မီ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က ၎င်း၏ လက်ရှိစစ်ဘက်အတွင်းရေးမှူး Roman Gofman အား လာမည့် Mossad အကြီးအကဲအဖြစ် တာဝန်ခန့်အပ်ခဲ့သည်။ Gofman သည် ဇွန်လတွင် ရာထူးသက်တမ်းပြည့်မည့် Barnea နေရာတွင် အစားထိုးတာဝန်ယူမည်ဖြစ်သည်။ (Report from Xinhua Myanmar)