“အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်၊ အဖိုးတန်သတ္တုဈေးနှုန်းများ ကျဆင်း”

28 Apr

အရှေ့အလယ်ပိုင်းစစ်ပွဲ၏ ရိုက်ခတ်မှုကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ဆက်တိုက်မြင့်တက်လျက်ရှိရာ လန်ဒန် ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် အရောင်းအဝယ်လုပ်ချိန်တွင် အချိန်အတိုင်းအတာတစ်ခုအထိ ၄ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေနှင့် ငွေဈေးနှုန်းများကမူ လွန်ခဲ့သည့်ရက်သတ္တပတ်က ကျဆင်းမှုအနေအထားကို ဆက်လက် ဖြစ်ပေါ်ခဲ့သည်။ နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ ဇွန်လ ရွှေအနာဂတ်ဈေးနှုန်းသည် ဧပြီလ ၂၇ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၇၀၀ အောက်သို့ ရောက်ရှိပြီး ၁ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သလို မေလ ငွေအနာဂတ်ဈေးနှုန်းသည်လည်း အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၇၅ အောက်သို့ရောက်ရှိပြီး ၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။ ဧပြီလ ၂၇ ရက် ဈေးကွက်ပိတ်သိမ်းချိန်အထိ နယူးယောက်ကုန်စည်လဲလှယ်မှု (NYMEX)၏ ဇွန်လအတွက် ပေးပို့ရမည့် အပေါ့စားရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၇ ဒေါ်လာ ဈေးတက်ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၆ ဒသမ ၂၇ ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ရာ ၂ ဒသမ ၀၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဇွန်လအတွက် ပေးပို့ရမည့် လန်ဒန် ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဒေါ်လာ ဈေးတက်ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၈ ဒသမ ၂၃ ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ရာ ၂ ဒသမ ၇၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ လက်ရှိတွင် အမေရိကန်-အီရန် ဆွေးနွေးမှု ကျဉ်းထဲကျပ်ထဲကျရောက်လျက်ရှိသလို ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှုသည် အတားအဆီးရှိနေဆဲဖြစ်ရာ ငွေကြေးဖောင်းပွမှုဖိအား ဆက်တိုက်ဖြစ်ပွားနေမှုအပေါ် ဈေးကွက်၏စိုးရိမ်မှုများ ပို၍ပြင်းထန်စေသည်။ တစ်ချိန်တည်းတွင်ပင် ကမ္ဘာ့ရေနံဈေးများကမူ မြင့်မားနေဆဲဖြစ်ရာ ကမ္ဘာ့စွမ်းအင်ထောက်ပံ့ရေးအပေါ် ဧရာမ ရိုက်ခတ်မှု ဖြစ်စေသည်။ Goldman Sachs Group ၏ နောက်ဆုံးအစီရင်ခံစာတွင် ယခုနှစ် စတုတ္ထသုံးလပတ် ဘရန့်ရေနံစိမ်း ပျမ်းမျှ အနာဂတ်ဈေးနှုန်းခန့်မှန်းချက်များကို တိုးမြှင့်ခဲ့ရာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၀ မှ ၉၀ အထိ တိုးမြှင့်ခဲ့သလို နယူးယောက် ရေနံစိမ်း အနာဂတ်ဈေးနှုန်းများကိုမူ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၅ မှ ၈၃ ဒေါ်လာအထိ တိုးမြှင့်ခဲ့သည်။ အမေရိကန်နှင့် G7 နိုင်ငံများ၏ ဗဟိုဘဏ်များသည် ယခုသီတင်းပတ်အတွင်း ဆက်တိုက်ကျင်းပမည့် ငွေကြေးမူဝါဒဆိုင်ရာ အစည်းအဝေးများတွင် အတိုးနှုန်းကို မပြောင်းလဲဘဲထားရှိရန်၊ ထို့အပြင် ငွေကြေးမူဝါဒကို ပိုမိုတင်းကျပ်လာစေရန် ပြုလုပ်ဖွယ်ရှိရာ ယင်းမှာ ရွှေဈေးနှုန်းအပေါ် ဖိအားဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း ဈေးကွက်က ကြိုတင်ခန့်မှန်းထားသည်။ (Repost from Xinhua Myanmar)

28 Apr

ADVERTISE HERE .