“ပြည်ထွက် အခွန်ပြန်အမ်းခြင်း မူဝါဒသစ်ကျင့်သုံးသည့် တစ်နှစ်တာကာလတွင် အခွန်ပြန်အမ်းသည့် ရောင်းအား ပမာဏ ယမန်နှစ်ကာလတူထက် ၉ ဆကျော်မြင့်တက်”
28 Apr
၂၀၂၅ ခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံသည် “ချက်ချင်းဝယ်၊ ချက်ချင်း အခွန်ပြန်အမ်းခြင်း” ဝန်ဆောင်မှု အစီအမံကို နိုင်ငံတစ်ဝန်း ဘက်စုံကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခဲ့ရာ လက်ရှိအချိန်အထိ အဆိုပါအစီအမံကို တည်ငြိမ် ချောမွေ့စွာ အကောင်အထည်ဖော်ခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အကောက်ခွန်ရေးရာ ဦးစီးဌာနမှ ဧပြီလ ၂၇ ရက်တွင် သိရှိသည်။ တစ်နှစ်တာကာလအတွင်း တစ်နိုင်ငံလုံး၌ အခွန်ပြန်အမ်းရန် လျှောက်ထားသူဦးရေမှာ ယမန်နှစ် အလားတူ ကာလထက် ၁၂ ဒသမ ၉၆ ဆ တိုးမြင့်လာပြီး အခွန်ပြန်အမ်းမှုရှိသည့် ရောင်းအားပမာဏနှင့် အခွန်ပြန်အမ်းမှု ပမာဏတို့မှာ ယမန်နှစ်အလားတူကာလထက် ၉ ဒသမ ၃၅ ဆ မြင့်တက်ခဲ့ကြောင်း၊ ပြည်ထွက် အခွန်ပြန်အမ်းခြင်း ဖြစ်သည့် ချက်ချင်းဝယ်၊ ချက်ချင်းအခွန်ပြန်အမ်းခြင်း အစီအမံသစ်သည် သိသာထင်ရှားသော အောင်မြင်ထိရောက် မှုများရှိကြောင်း သိရသည်။ ပြည်ထွက် အခွန်ငွေပြန်အမ်းခြင်းဖြစ်သည့် ချက်ချင်းဝယ်၊ ချက်ချင်းအခွန်ပြန်အမ်းခြင်း အစီအမံသစ် ဆိုသည်မှာ ပြည်ထွက် အခွန်ပြန်အမ်းခြင်း မူဝါဒကျင့်သုံးနေပြီးဖြစ်သော ဒေသများတွင် ပြည်ပခရီးသွားဧည့်သည် များသည် ချက်ချင်းဝယ်၊ ချက်ချင်းအခွန်ပြန်အမ်းသည့် ဈေးဆိုင်များတွင် အခွန်ပြန်အမ်းပေးသည့် ကုန်ပစ္စည်းများကို ဝယ်ယူသည့်အခါ သဘောတူညီချက်လက်မှတ်ရေးထိုးပြီး Credit Card ဖြင့် အကြိုခွင့်ပြုချက်ရယူကာ အဆိုပါ ဆိုင်တွင်ပင် အခွန်ပြန်အမ်းငွေနှင့်ညီမျှသော တရုတ်ယွမ်ငွေကို ချက်ချင်းထုတ်ယူနိုင်ခြင်းကို ဆိုလိုသည်။ လက်ရှိတွင် တရုတ်နိုင်ငံတစ်ဝန်း ချက်ချင်းဝယ်၊ ချက်ချင်းအခွန်ပြန်အမ်းခြင်း ဝန်ဆောင်မှုပေးသော အခွန် ပြန်အမ်းပေးသည့် ဈေးဆိုင်ပေါင်း ၈,၀၀၀ ကျော်ရှိပြီဖြစ်ရာ ယင်းဝန်ဆောင်မှုအစီအမံသည် လွန်ခဲ့သည့်တစ်နှစ်က တစ်နိုင်ငံလုံး၌ တိုးချဲ့ဆောင်ရွက်သည့် ကနဦးကာလနှင့်နှိုင်းယှဉ်ပါက ၁၀၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သည်။ တရုတ်နိုင်ငံ ဗဟိုဘဏ္ဍာရေးနှင့် စီးပွားရေးတက္ကသိုလ်၊ ဘဏ္ဍာရေးနှင့် အကောက်ခွန်ရေးရာကျောင်း အကြီးအကဲ ဖန်ရုန် က ပြည်ထွက် အခွန်ငွေပြန်အမ်းခြင်းဖြစ်သည့် “ချက်ချင်းဝယ်၊ ချက်ချင်း အခွန်ပြန်အမ်းခြင်း” ဝန်ဆောင်မှုအစီအမံ တိုးချဲ့ဖော်ဆောင်ခြင်းသည် ပြည်ဝင်စားသုံးမှု ရှင်သန်စွမ်းအားကို နှိုးဆွပေးခြင်းဖြစ်ကြောင်း၊ ယင်းမှာ တရုတ်နိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်ကို နိုင်ငံတကာအသွင် ကောင်းမွန်အောင်မြှင့်တင်သည့် အရေးကြီး အောင်မြင်မှုရလဒ်ဖြစ်ကြောင်း၊ ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်ရလျှင်လည်း ပြည်တွင်းအမှတ်တံဆိပ်များ နိုင်ငံတကာ စင်မြင့်သို့ အားကောင်းစွာ မြှင့်တင်ပေးမှုဖြစ်ကြောင်း ယူဆသည်။ တရုတ်နိုင်ငံ အကောက်ခွန်ရေးရာဦးစီးဌာန သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက နောက်ထပ်ခြေလှမ်းတစ်ရပ် အနေဖြင့် အကောက်ခွန်ဌာနများက ပြည်ထွက်အခွန်ပြန်အမ်းခြင်းမူဝါဒ အစီအမံများကို ဆက်လက်၍ အသေးစိတ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုပေးနိုင်သည့် နယ်ပယ်များကို အဆက်မပြတ်တိုးချဲ့ခြင်း၊ ဝန်ဆောင်မှု ပေးသည့်လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းနှင့် ဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင်ခြင်း တို့ဖြင့် ပြည်ပခရီးသွားဧည့်သည်များ၏ ဈေးဝယ်ယူပြီး အခွန်ပြန်အမ်းငွေရယူလိုသည့် လိုအပ်ချက်များကို ပိုမို ကောင်းမွန်စွာ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ဝင်သူများ၏ သုံးစွဲမှုကိုမြှင့်တင်ရန်နှင့် အဆင့်မြင့် ပြည်ပ တံခါးဖွင့်လှစ်မှုကို ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ခိုင်မာသောကျားကန်မှုအား ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)