“2026 Oeiras Open CETO တင်းနစ်ပြိုင်ပွဲမှာ ဗိုလ်ဆွဲခဲ့တဲ့ ဖီအိုနာ ဖာရို”

27 Apr

ပေါ်တူဂီနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသော အမျိုးသမီးတင်းနစ်ပြိုင်ပွဲဖြစ်တဲ့ 2026 Oeiras Open CETO တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်သို့ ပြင်သစ်တင်းနစ်မယ် ဖီအိုနာ ဖာရို က တက်ရောက်နိုင်ခဲ့ပြီး ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပါတယ်။ ပြင်သစ်တင်းနစ်မယ် ဖီအိုနာ ဖာရို ဟာ 2026 Oeiras Open CETO တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဥဇဘက်ကစ္စတန် တင်းနစ်မယ် ပိုလီနာ ကူဒါမီတိုဗာ ကို ၁ နာရီနှင့် ၄၈ မိနစ်မှာ ၆-၃၊ ၀-၆၊ ၆-၁ နဲ့ အနိုင်ရရှိကာ ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဖီအိုနာ ဖာရို က သူမ၏ကစားသမားဘဝမှာ အဓိကဆုဖလားများ (၂၀၁၉ တွင် Lusanne ရှိ WTA 250 ပြိုင်ပွဲများနှင့် Palermo 2020) မှာ ရရှိခဲ့ပြီးနောက် အခု Oeiras CETO Open က သူမ၏ အရေးကြီးဆုံးသောအောင်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ (NVS 008)

27 Apr

ADVERTISE HERE .