“ပြည်တွင်းဖလားသုံးလုံးအိပ်မက်နဲ့ ဝေးကွာနေသေးတယ်လို့ဆိုတဲ့ ဂွါဒီယိုလာ”

27 Apr

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က ပြည်တွင်းဖလားသုံးလုံးအိပ်မက်နဲ့ ဝေးကွာနေသေးကြောင်း ပြောကြားခဲ့ပါတယ်။ FAဖလား ဆီမီးဖိုင်နယ်မှာ ဆောက်သမ်တန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီးနောက် FA ဖလား ဗိုလ်လုပွဲကို လေးနှစ်ဆက် တက်ရောက်နိုင်ခဲ့ပါတယ်။ လိဂ်ဖလားချန်ပီယံ မန်စီးတီးအနေနဲ့ ပြည်တွင်းဖလား သုံးလုံးအိပ်မက်အတွက် ပရီးမီးယားလိဂ် ငါးပွဲနဲ့ FA ဖလား တစ်ပွဲသာကစားဖို့ကျန်ရှိနေတာ ဖြစ်ပါတယ်။ ဖလားသုံးလုံးအိပ်မက်နဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက အရမ်းကြီး ဝေးကွာလွန်းသေးပြီး ဗိုလ်လုပွဲမတိုင်ခင်၊ အက်စတွန်ဗီလာနဲ့ပွဲမတိုင်ခင်(ပရီးမီးယားလိဂ်နောက်ဆုံးပွဲ)မှာတော့ အခွင့်အရေးတစ်ခု ရှိနေသေးပေမယ့် အခုချိန်မှာတော့ ဝေးကွာနေသေးကြောင်း ဖွင့်ဟခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ၂၀၁၉ ခုနှစ်ကလည်း ပြည်တွင်းဖလားသုံးလုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ (NVS 008)

27 Apr

ADVERTISE HERE .