“အမေရိကန်အစိုးရက သွင်းကုန်အခွန်များအနက် ဒေါ်လာ ၁၅၉ ဘီလီယံကို ပြန်ပေးမည်”

25 Apr

အမေရိကန်အစိုးရအနေဖြင့် ကောက်ခံရရှိထားသည့် သွင်းကုန်အခွန်များအနက် ဒေါ်လာ ၁၅၉ ဘီလီယံကို ပြန်ပေးရမည်ဟူသော တရားရုံးချုပ်၏ဆုံးဖြတ်ချက်သည် ဆိုးရွားလှကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ဝေဖန် ထားသော်လည်း တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အရ အဆိုပါငွေပမာဏကို အစိုးရက ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောထားသည်ဟုသိရသည်။ အဆိုပါ သွင်းကုန်အခွန်များကို ထရမ့် ၏ ကုန်သွယ်ရေးမူဝါဒ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၅ ခုနှစ်တွင် စတင်ကောက်ခံခဲ့ခြင်းဖြစ်သော်လည်း ယင်းသို့ကောက်ခံခြင်းသည် အစိုးရအဖွဲ့အနေဖြင့် လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်လုပ်ဆောင်ခဲ့သည်ဟု တရားရုံးများက နောက်ပိုင်းတွင် စီရင်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။ တရားရုံးချုပ်၏ အဆိုပါဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် သမ္မတ ထရမ့် က ၎င်း၏မကျေနပ်မှုကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ သွင်းကုန်အခွန်မှ ငွေအမြောက်အမြားကို ပြန်ပေးအပ်ရမည့် အခြေအနေသည် အစိုးရ၏ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးစီမံချက်များအပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များအတွက် ထိုစီရင်ချက် သည် ၎င်းတို့ပေးဆောင်ခဲ့ရသည့် အကောက်ခွန်များ ပြန်လည်ရရှိမည့် အခွင့်အလမ်းတစ်ရပ် ဖြစ်လာသည်။

25 Apr

ADVERTISE HERE .