“မြန်မာ့ဒူးရင်းပွဲတော်ကို မေလအတွင်းကျင်းပပြီး ဈေးကွက်တိုးချဲ့ရန်ပြင်ဆင်”

25 Apr

၂၀၂၆ ခုနှစ် မေလအတွင်း ရန်ကုန်မြို့၌ မြန်မာ့ဒူးရင်းပွဲတော်ကို ကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ အဆိုပါပွဲတော်ကို မြန်မာ့ဒေသထွက် ဒူးရင်းသီးများအား ပြည်ပပို့ကုန်အဖြစ် တိုးမြှင့်နိုင်ရန်၊ “မြန်မာ့ဒူးရင်း” အမည်ဖြင့် နိုင်ငံတကာဈေးကွက်တွင် ထိုးဖောက်နိုင်ရန်နှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာများ၊ ရိတ်သိမ်းပြီးနောက် ထိန်းသိမ်းခြင်းနည်းပညာများကို ဆွေးနွေးဖလှယ်နိုင်ရန် ရည်ရွယ်ကျင်းပမှာဖြစ်ပါတယ်။ ဒါ့အပြင် ပွဲတော်အတွင်း ဒူးရင်းဈေးကွက်ချဲ့ထွင်ရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများဖန်တီးရေးနှင့် စီးပွားရေး ကွန်ရက် ချိတ်ဆက်ရေးတို့ကိုလည်း အထူးအလေးထား ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသည့် အရည်အသွေးမြင့် ဒူးရင်းမျိုးများကို ရွေးချယ်ဖော်ထုတ်နိုင်ရန်လည်း မျှော်မှန်း ထားကြောင်း အဆိုပါအသင်းမှ ထုတ်ပြန်ထားရှိပါတယ်။ ဒူးရင်းစိုက်တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများအနေဖြင့် အဆိုပါပွဲတော်တွင် ပါဝင်ဆောင်ရွက်ကြရန်နှင့် အသေးစိတ်အချက်အလက်များအတွက် သက်ဆိုင်ရာအသင်းနှင့် ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။(NVS 004)

25 Apr

ADVERTISE HERE .