“ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲအတွက် ရုရှားသမ္မတ ပူတင် ကိုဖိတ်ကြားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် စီစဉ်ထား”
25 Apr
ယခုနှစ် ဒီဇင်ဘာလအတွင်း မီယာမီမြို့၌ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရေး အတွက် ရုရှားသမ္မတ ပူတင် ကိုဖိတ်ကြားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကစီစဉ်ထားကြောင်း ဧပြီလ ၂၃ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ ယူကရိန်း စစ်ရေးပဋိပက္ခကို အကြောင်းပြု၍ နောက်အုပ်စုနိုင်ငံများနှင့် ရုရှားတို့ကြား သံတမန် ဆက်ဆံရေး တင်းမာနေချိန်တွင် အမေရိကန် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရေးအတွက် ရုရှားသမ္မတ ပူတင် ကိုဖိတ်ကြားရန် သမ္မတ ဒေါ်နယ်ထရမ့် စီစဉ်ထားခြင်းဖြစ်သည်။ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရေးအတွက် သမ္မတ ပူတင် ကိုဖိတ်ကြားရန် စီစဉ်ထားမှုသည် သမ္မတဒေါ်နယ်ထရမ့် အနေဖြင့် ယူကရိန်းပြဿနာရှိနေသည့်တိုင် ရုရှားနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် လိုလားနေမှုကို ပြသလျက်ရှိသည်။ ယခုနှစ် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် ဖိတ်ကြားချက်ကို လက်ခံရရှိထားပြီးဖြစ်ကြောင်း ရုရှားအစိုးရ တာဝန်ရှိသူများက ဧပြီလ ၂၃ ရက်တွင် အတည်ပြုပြောကြားထားသည်။ သို့ရာတွင် ရုရှားသမ္မတ ပူတင် အနေဖြင့် ယင်းဖိတ်ကြားချက်ကို လက်ခံရေးအတွက် အပြီးသတ်ဆုံးဖြတ်ချက် မချရသေးကြောင်း ရုရှားတာဝန်ရှိသူများက ပြောကြားထားသည်။ ယခုနှစ် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို မီယာမီမြို့၌ ဒီဇင်ဘာလ ၁၄ ရက်မှ ၁၅ ရက်ထိကျင်းပရန် အမေရိကန်အစိုးရက စီစဉ်ထားကြောင်း သိရသည်။