“ကဆုန်လပြည့်နေ့တွင် မြသလွန်စေတီတော်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းပွဲကျင်းပမည်”

24 Apr

ကဆုန်လပြည့်နေ့အထိမ်းအမှတ် ညောင်ရေသွန်းပွဲနှင့် သံဃာတော် ၁,၀၀၀ ကျော် ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲအား မြသလွန်စေတီတော်တွင် စည်ကားစွာကျင်းပမည်ဖြစ်ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရေး ဦးစီးကော်မတီမှကြီးမှူးကာ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာ ရှင်များနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းကြမှာဖြစ်ပြီး မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက် များမှ သံဃာတော် ၁,၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းများ လောင်းလှူမှာဖြစ်ပါတယ်။ ညနေပိုင်းတွင် ရိုးရာမပျက် နှစ်စဉ်ကျင်းပလေ့ရှိသည့် ကဆုန်ညောင်ရေသွန်းပွဲကိုလည်း စေတီတော် ရင်ပြင်တော်၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် မကွေးတိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများအား အဆိုပါပွဲတော်တွင် ပါဝင်ကုသိုလ်ယူကြရန် ဖိတ်ခေါ်ထားရှိပါတယ်။(NVS 004)

24 Apr

ADVERTISE HERE .