“2026 Huzhou Open ဧပြီလ ၂၇ ရက်တွင် စတင်ကျင်းပမည်”
24 Apr
တရုတ်နိုင်ငံတွင် ကျင်းပမည်ဖြစ်သော အမျိုးသမီးတင်းနစ်ပြိုင်ပွဲဖြစ်တဲ့ 2026 Huzhou Open တင်းနစ် ပြိုင်ပွဲကို လာမည့် ဧပြီလ ၂၇ ရက်မှာ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ 2026 Huzhou Open တင်းနစ်ပြိုင်ပွဲကို ဧပြီလ ၂၇ ရက်မှ မေလ ၄ ရက်အထိ ၈ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။ 2026 Huzhou Open တင်းနစ်ပြိုင်ပွဲသို့ နာမည်ကျော် တင်းနစ်မယ်များစွာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ Huzhou Open ပြိုင်ပွဲ၏ လက်ရှိချန်ပီယံမှာ ဆလိုဗေးနီးယားတင်းနစ်မယ် ဘရော်နီကာ အဲဂျာဗီ ဖြစ်ပါတယ်။ (NVS 008)
24 Apr