“ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရတဲ့ ဘန်လေအသင်း”
24 Apr
ဘန်လေအသင်းက ပရီးမီးယားလိဂ်မှ အင်္ဂလိပ်ချန်ပီယံရှစ်သို့ တန်းဆင်းခဲ့ရပြီဖြစ်ပါတယ်။ ဘန်လေအသင်းက ယခုနှစ် ဘောလုံးရာသီပရီးမီးယားလိဂ်ပွဲစဉ် ၃၄ ပွဲကစားအပြီးမှာ ရမှတ် ၂ဝ မှတ်သာ ရရှိထားပြီး အဆင့် ၁၇ နေရာမှ ဝက်စ်ဟမ်းအသင်း နှင့် ၁၃ မှတ်အထိ ကွာဟသွားတာကြောင့် ပြိုင်ပွဲပြီးဆုံးရန် လေးပွဲ အလိုမှာပဲ တန်းဆင်းခဲ့ရ ဖြစ်ပါတယ်။ ဘန်လေအသင်းက ၅ ရာသီအတွင်း တတိယအကြိမ်မြောက် ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရခြင်း ဖြစ်ပါတယ်။ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ဝုဖ်အသင်းနှင့် ဘန်လေအသင်းတို့ တန်းဆင်းခဲ့ရ ပြီဖြစ်ပါတယ်။ (NVS 008)
24 Apr