“ကိုပါအီတာလီယာဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့တဲ့ လာဇီယိုအသင်း”
24 Apr
လက်ရှိရာသီ ကိုပါအီတာလီယာဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်သို့ လာဇီယိုအသင်း တက်ရောက် နိုင်ခဲ့ပါတယ်။ လာဇီယိုအသင်းက ကိုပါအီတာလီယာဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ အတ္တလန္တာအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ရာသီ ကိုပါအီတာလီယာဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ လာဇီယိုအသင်းနှင့် အင်တာမီလန်အသင်းတို့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)
24 Apr