“ရာသီကုန်အထိ အနားယူရတော့မယ့် ယာမယ်”

24 Apr

ယာမယ် ဟာ ဆယ်လ်တာဗီဂိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တစ်လုံးတည်းသောအနိုင်ဂိုးကို ပယ်နယ်တီကနေ ကန်သွင်းခဲ့ပြီးနောက် တံကောက်ကြောဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမယ်လို့ သိရပါတယ်။ ယာမယ် ရဲ့ ဒဏ်ရာကို ဧပြီလ ၂၃ ရက်က စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ရာသီလက်ကျန်ပွဲ တွေကို လွဲချော်ရမှာဖြစ်ကြောင်း ဘာစီလိုနာအသင်းက အတည်ပြုကြေညာခဲ့ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ လာလီဂါပြိုင်ပွဲတစ်ခုတည်းသာ ယှဉ်ပြိုင်ဖို့ကျန်ရှိတော့ပြီး ယာမယ် အနေနဲ့ လာလီဂါပွဲစဉ် ၆ ပွဲကို လွဲချော်ရမှာ ဖြစ်ပါတယ်။ လက်ရှိရာသီမှာ ယာမယ် က ဘာစီလိုနာအသင်းအတွက် မကစားနိုင်တော့ပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ဒဏ်ရာသက်သာပျောက်ကင်းဖွယ်ရှိကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းက ယာမယ် ကို ခွဲစိတ်ကုသမှု မပြုလုပ်ဘဲ ရှေးရိုးနည်းလမ်းနဲ့သာ ကုသမှု ပြုလုပ်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

24 Apr

ADVERTISE HERE .