“အီရန်က ဟော်မုဇ်ရေလက်ကြားဖြတ်သန်းခွန် စတင်ကောက်ခံ”

24 Apr

အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားမှဖြတ်သန်းခွန်ကို ပထမဆုံးအကြိမ်အဖြစ် ကောက်ခံရရှိခဲ့ကြောင်း အီရန်နိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ တက်စ်မင်သတင်းအေဂျင်စီက ဧပြီလ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းရေလက်ကြားမှ ဖြတ်သန်းမည့် သင်္ဘောအမျိုးအစား၊ ကုန်တင်မည့်ပမာဏနှင့် အခြားအချက်အလက်များပေါ်မူတည်၍ အီရန်က ဖြတ်သန်းခွန်ကောက်ခံမည် ဖြစ် ကြောင်း သိရသည်။ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းမှုဆိုင်ရာ ပထမဆုံးဝင်ငွေကို ဗဟိုဘဏ်ငွေစာရင်းသို့ ထည့်သွင်းခဲ့ကြောင်း အီရန်ပါလီမန်ဒုတိယဥက္ကဋ္ဌ ဟာမစ်ရီဇာဟာဂျီဘာဘိုင်က ပြောကြားသည်။ အမေရိကန်နှင့်အစ္စရေးတို့က အီရန်နိုင်ငံအား ယခုနှစ်ဖေဖော်ဝါရီလ ၂၈ ရက်တွင် တိုက်ခိုက်ခဲ့ပြီးနောက် ဟော်မုဇ်ရေလက်ကြားဖြတ်သန်းခွင့်ကို အီရန် က ထိန်းချုပ်ဆောင်ရွက်ခဲ့သည်။ ပါကစ္စတန်နိုင်ငံတွင် ကျင်းပခဲ့ သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မအောင်မြင်ခဲ့ပြီးနောက် အီရန်နိုင်ငံသို့ ဝင်/ထွက်သွားလာမည့် သင်္ဘောများအား အမေရိကန်က ပိတ်ဆို့မှုများဆောင်ရွက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရသိရသည်။

24 Apr

ADVERTISE HERE .