“အရေးပေါ်အခြေအနေကြေညာထားတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုမှ တိုင်းမှူးများအနေနဲ့ စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်”

24 Apr

နိုင်ငံတော်သမ္မတရုံးမှ အရေးပေါ်အခြေအနေကြေညာထားတဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုမှ တိုင်းမှူး များအနေနဲ့ စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်အုပ်ချုပ်ရေးအ မိန့်အမှတ် (၂/၂ဝ၂၆) နဲ့ ဧပြီလ ၂၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးတာဝန်များကို နိုင်ငံတော်သမ္မတရုံးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အပ်နှင်းခဲ့ပါတယ်။ ဒါကြောင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများမှာ ပါဝင်သော ယင်းဥပဒေကဲ့သို့အာဏာတည်တဲ့ အမိန့်ပါ မြို့နယ်များအတွင်း အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးများသို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းခဲ့ပါတယ်။ အခုလိုအပ်နှင်းခဲ့ခြင်းကြောင့် သက်ဆိုင်ရာ တိုင်းမှူးများ က အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက် ရှိသော အခြေအနေအရပ်ရပ်ပေါ်မူတည်၍ မိမိကိုယ်တိုင်(သို့)စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍ စစ်အုပ်ချုပ်ရေး အာဏာကျင့်သုံးနိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ (NVS 004)

24 Apr

ADVERTISE HERE .