“အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ်များကို အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအပ်နှင်း”

24 Apr

ဥပဒေကဲ့သို့အာဏာတည်သောအမိန့်(၁/၂ဝ၂၆)နဲ့ အရေးပေါ်အခြေအနေကြေညာထားတဲ့ တိုင်းဒေသကြီး နှင့် ပြည်နယ် ၉ ခုမှ မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုအပ်နှင်းကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် (၂/၂ဝ၂၆) နဲ့ ဧပြီလ ၂၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ်များမှာ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးတို့ မူလအခြေအနေပြန်လည်ရောက်ရှိစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်၍ ယင်းမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အပ်နှင်းခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင်ကျင့်သုံး ဆောင်ရွက်ခြင်း(သို့)သင့်လျော်တဲ့ စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်ကာ ယင်းအမိန့်သည်လည်း ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်ပါတယ်။ (NVS 004)

24 Apr

ADVERTISE HERE .