“တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုမှ မြို့နယ်အချို့ကို အရေးပေါ်အခြေအနေကြေညာ”
24 Apr
တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုမှ မြို့နယ်အချို့ကို ရက်ပေါင်း ၉၀ အထိအတည်ဖြစ်တဲ့ အရေးပေါ်အခြေ အနေကြေညာခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၁ /၂၀၂၆ ဖြင့် ဧပြီလ ၂၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ခုနှစ်၊ ပုဒ်မ ၄၁၂ (က)အရ အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းဖြစ်ပါတယ်။ အရေးပေါ်အခြေအနေခဲ့တဲ့ မြို့နယ်များကတော့ ကချင်ပြည်နယ်မှ ၅ မြို့နယ်၊ ကယားပြည်နယ်မှ ၃ မြို့နယ်၊ ကရင်ပြည်နယ်မှ ၂ မြို့ နယ်၊ ချင်းပြည်နယ်မှ ၇ မြို့နယ်၊ စစ်ကိုင်းတိုင်းမှ ၈ မြို့နယ်၊ မကွေးတိုင်းမှ ၅ မြို့နယ်၊ မန္တလေးတိုင်းမှ ၁ မြို့နယ်၊ ရခိုင်ပြည်နယ်မှ ၁၄ မြို့နယ်၊ ရှမ်းပြည်နယ်မှ ၁၅ မြို့နယ်တို့ဖြစ်ပြီး ဧပြီလ ၂၃ ရက်မှစ၍ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်သော အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းဖြစ်ပါတယ်။ (NVS 004)