“ဥရောပမှာ မြန်မာ့ရေထွက်ကုန်ပါဝင်ပြသခဲ့”

24 Apr

စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ကျင်းပပြုလုပ်နေတဲ့ Seafood Expo Global ပြပွဲတွင် မြန်မာနိုင်ငံမှ မေယု ရေထွက်ကုန် လုပ်ငန်းကလည်း ပါဝင်ပြသခဲ့ကြောင်း သိရပါတယ်။ ၁၉၉၀ ခုနှစ်မှစတင်ခဲ့သော မေယုရေထွက်ပစ္စည်း ထုတ်လုပ်တင်ပို့တဲ့ကုမ္ပဏီက စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ချီးမြှင့်သော အကောင်းဆုံးပို့ကုန်တင်ပို့မှု (ပြည်ပကုန်သွယ်မှု) ပထမဆု (၇ နှစ်ဆက် တိုက်) ရရှိထားပါတယ်။ မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော အအေးခန်းသိုလှောင်ရုံများထဲမှ တစ်ခုဖြစ်တဲ့ တန်ချိန် ၄,၀၀၀ ဆံ့ အအေးခန်းစနစ်နဲ့ နိုင်ငံတကာဈေးကွက်များအတွက် အရည်အသွေးကို စနစ်တကျထိန်းသိမ်းပြီး တင်ပို့လျက်ရှိသိလို ဥရောပစံချိန်စံညွှန်း (EU Standards) နှင့် HACCP လက်မှတ်များ ရရှိထားပါတယ်။ အခုပြပွဲက ဧပြီလ ၂၁ ရက်မှ ၂၃ ရက်အထိ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့၊ Fira Barcelona Gran Via တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာ့ရေထွက်ကုန်များကို ကြည့်ရှု့လေ့လာနိုင်မှာ ဖြစ်ပါတယ်။ (NVS 004)

24 Apr

ADVERTISE HERE .