“ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ ရန်ပယ်ချောင်းတံတားကို ပြုပြင်နေ”
24 Apr
ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ တံတားရေလယ်တိုင်နိမ့်ကျနေသော တံတားအမှတ်(၃၄၃) ရန်ပယ်ချောင်းကူး ရထားလမ်းတံတားကို ပြန်လည်ပြုပြင်မှုများပြုလုပ်လျက်ရှိရာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် က ဧပြီလ ၂၂ ရက်မှာ ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် ပြည်-ပုဂံ ရထားလမ်းပိုင်း၏ ဆတ်သွား-ပရပ်ကြယ်ဘူတာကြားရှိ တံတားအမှတ်(၃၄၃) ရန်ပယ် ချောင်းကူးရထားလမ်းတံတား ရေလယ်တိုင်အမှတ်(၂) နှင့် အမှတ်(၃)တို့နိမ့်ကျနေမှုကို ပြန်လည်ပြင်ဆင်နေခြင်းများ ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အခုလိုကြည့်ရှုစစ်ဆေးပြီးနောက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ တံတားပေါ်ရှိ သံလမ်းနှင့်ကွန်ကရစ်ဇလီဖားတုံးများကို ဖြုတ်သိမ်း ထားရန်တို့ကို မှာကြားခဲ့ပါတယ်။ (NVS 004)
24 Apr