“ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးကို ဘက်စုံပြုပြင်မွမ်းမံလျက်ရှိ”

24 Apr

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ဧပြီလ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီတော် မြတ်ကြီးရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် ငလျင်ဒဏ်ခံနိုင်စေရေးအတွင်း လိုဏ်ခေါင်းကြံ့ခိုင်မှုပြင်ဆင်ခြင်းကို ဆောင်ရွက်နေဆဲကာလဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် မိုးရာသီမရောက်မီ စံချိန်စံညွှန်းနှင့်အညီအချိန်မီပြီးစီးရေး တာဝန်ရှိသူအဆင့်ဆင့်မှ အနီးကပ်ကြီး ကြပ်ရမည်ဖြစ်ကာ ရွှေမော်ဓောစေတီတော်မြတ်ကြီးကို ဘက်စုံပြုပြင်မွမ်းမံရာမှာ အများပြည်သူ၏ လှူဒါန်းငွေများနဲ့ ဆောင်ရွက်ခြင်းဖြစ်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျသုံးစွဲရန်နှင့် ရင်ပြင်တော်ပေါ်ရှိ တည်ဆောက်ပြီး လုပ်ငန်းများအားလုံး ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ (NVS 004)

24 Apr

ADVERTISE HERE .