“ဂွါဒီယိုလာ ကို အီတလီလက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ ဘိုနူချီ တိုက်တွန်း”

23 Apr

အီတလီလက်ရွေးစင်အသင်းနဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ နောက်ခံလူဟောင်း ဘိုနူချီ က မန်စီးတီးနည်းပြ ဂွါဒီယိုလာ ကို အီတလီလက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)ဟာ အီတလီလက်ရွေးစင်အသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ (၃)ကြိမ်ဆက် ခြေစစ်ပွဲမအောင်မြင်တဲ့အတွက် အကြီးစားပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့စီစဉ်နေပြီး အသင်းကို အကောင်းဆုံး ဦးဆောင်မှုပေးနိုင်မယ့် နည်းပြသစ်ကိုလည်း ရှာဖွေနေပါတယ်။ ဂွါဒီယိုလာက မန်စီးတီးအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ လာမယ့်နွေရာသီမှာ လမ်းခွဲဖွယ်ရှိကြောင်း ထင်ကြေးပေးမှုတွေရှိနေတာကြောင့် ကမ်းလှမ်းဖို့ စောင့်ကြည့်နေတဲ့အသင်းတွေ အတော်များများ ရှိနေကြောင်း သိရပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာ က နည်းပြဘဝက အနားမယူခင် လက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်လိုကြောင်းလည်း ပြောကြားခဲ့ဖူးပါတယ်။ (NVS 008)

23 Apr

ADVERTISE HERE .