“လီယမ်ရိုစီနီယာ ကို ရာထူးမှ ထုတ်ပယ်ခဲ့တဲ့ ချဲလ်ဆီးအသင်း”
23 Apr
ချဲလ်ဆီးအသင်းက နည်းပြ လီယမ်ရိုစီနီယာ ကို ရာထူးမှထုတ်ပယ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက ဘရိုက်တန်အသင်းရဲ့ အိမ်ကွင်းမှ ၃ ဂိုးပြတ်နဲ့ ရှုံးနိမ်ခဲ့ရပြီးနောက် အခုလို ကြေညာခဲ့ပါတယ်။ နည်းပြ လီယမ်ရိုစီနီယာ ဟာ ချဲလ်ဆီးအသင်းကို ပြိုင်ပွဲစုံ ၂၃ ပွဲမှာ ၁၁ ပွဲသာ အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ရှုံးနိမ်ခဲ့သလို ချေပဂိုးတောင်ပြန်လည်သွင်းယူ နိုင်ခြင်းမရှိဘဲ ရလဒ်များ ဆိုးရွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးအသင်းက လီယမ်ရိုစီနီယာ ကို နည်းပြရာထူးမှ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၇) နေရာသို့ ကျဆင်းသွားခဲ့ပြီး အဆင့် (၅) နေရာမှာရှိတဲ့ လီဗာပူးလ်အသင်းနဲ့ ရမှတ် ၇ မှတ် ကွာခြားသွားခဲ့ပါတယ်။ ဒါကြောင့် ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ်ခွင့်ဝင်ရရန် ခက်ခဲသွားခဲ့ပြီဖြစ်ပါတယ်။ (NVS 008)