“လိဂ်ချန်ပီယံရှစ်ချန်ပီယံဖြစ်ခဲ့တဲ့ ကိုဗင်ထရီအသင်း”
23 Apr
အင်္ဂလန်လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ပွဲစဉ် ၄၄ မှာ ကိုဗင်ထရီအသင်းက ပို့စ်မောက်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ၂၀၂၅-၂၆ ရာသီ လိဂ်ချန်ပီယံရှစ်ရဲ့ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ကိုဗင်ထရီအသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာကတည်းက ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရဖို့ အဖြေထွက်ခဲ့ပြီး အခုကြားရက်ပွဲစဉ်မှာတော့ ချန်ပီယံအဖြစ် ထပ်ပြီးအဖြေပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးဆုံးဖို့ ၂ ပွဲအလိုမှာ ကိုဗင်ထရီအသင်းက ဒုတိယနေရာမှ မစ်ဝဲလ်အသင်းကို ရမှတ် ၁၀ မှတ် ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်စတာအသင်းကတော့ ၆ မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာကြောင့် League One ကို တန်းဆင်းရဖို့ အဖြေထွက်သွားခဲ့တာဖြစ်ပါတယ်။ လက်စတာအသင်းဟာ ၂၀၁၅-၁၆ ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့အသင်းဖြစ်ပြီး ဆယ်စုနှစ်တစ်ခုအကြာမှာတော့ လိဂ်ချန်ပီယံရှစ်မှာတောင် မရပ်တည်နိုင်ဘဲ League One ကို တန်းဆင်းသွားခဲ့ရပါတယ်။ (NVS 008)