“စာချုပ်သစ်အရ မိန်နူး အနေနဲ့ လစာ ၄ ဆအထိ မြင့်တက်ရရှိမည်”
23 Apr
မန်ယူအသင်းရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား မိန်နူး ဟာ အသင်းနဲ့ သက်တမ်းတိုးဖို့ နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး စာချုပ်သစ်အရ လက်ရှိလစာရဲ့ ၄ ဆအထိ မြင့်တက်ရရှိဖွယ်လိမ့်မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ မန်ယူအသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်တဲ့ မိန်နူး ဟာ လက်ရှိအချိန်မှာ တစ်ပတ်ပေါင် ၂၀,၀၀၀ ဝန်းကျင်သာရရှိပြီး အပိုဆုကြေးတွေပါဝင်မှ တစ်ပတ်ပေါင် ၃၀,၀၀၀ ကျော် ရရှိကြောင်း သိရပါတယ်။ မိန်နူး ဟာ အရင်နည်းပြ အာမိုရင်မ်လက်ထက်မှာ ပုံမှန်ပွဲကစားခွင့်မရခဲ့တာကြောင့် မန်ယူအသင်းနဲ့ လမ်းခွဲဖို့ စဉ်းစားခဲ့ဖူးသလို မန်ယူအသင်းကလည်း ရောင်းထုတ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ လက်ရှိနည်းပြ ကာရစ် လက်ထက်မှာ အခွင့်အရေး ပြန်လည်ရရှိခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် မန်ယူအသင်းက သက်တမ်းတိုးဖို့ လုပ်ဆောင်ခဲ့ရာမှာ ၅ နှစ်စာချုပ်ချုပ် ဆိုဖို့ သဘောတူ ညီမှုရရှိခဲ့ခြင်းဖြစ်ပါတယ်။ စာချုပ်သစ်အရ မိန်နူး ဟာ မန်ယူအသင်းမှာ တစ်ပတ်ပေါင် ၁၂၀,၀၀၀ နဲ့ ၁၅၀,၀၀၀ ကြားရရှိမှာဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။ (NVS 008)