“လမ်းပန်းဆက်သွယ်မှုခက်ခဲတဲ့မြို့များသို့ လေယာဉ်ခရီးစဉ်များတိုးချဲ့ပျံသန်းပြေးဆွဲမည်”

23 Apr

ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ကျောက်ဖြူမြို့ သို့လေကြောင်းခရီးစဉ် ပြေးဆွဲပေးမည်ဖြစ်ကာ ထားဝယ်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့များသို့လည်း လေကြောင်းပြေးဆွဲပေးမယ်လို့ သိရပါတယ်။ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာအမျိုးသားလေကြောင်းအနေဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့မြို့များမှ ပြည်သူများခရီးသွားလာမှု လွယ်ကူစေရန်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အခုလိုပြေးဆွဲပေးရာမှာ ရခိုင်ပြည်နယ်ရှိ မြို့များကို ရက်သတ္တပတ်လျှင် သုံးရက် ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ လေယာဉ်ဆင်းသက်နိုင်ရန် မာန်အောင်လေယာဉ်ကွင်း စစ်ဆေးရေးအဖွဲ့ကလည်း စစ်ဆေးမှု ပြီးမြောက် ခဲ့တဲ့အတွက် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် မြန်မာ့အမျိုးသားလေကြောင်းကတာဝန်ရှိသူများက လေကြောင်းပျံသန်း ပြေးဆွဲမှုကိုစီစဉ်ထားခြင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တနင်္ဿာရီတိုင်းဒေသကြီး မြိတ်လေဆိပ်ကို အခြေပြုကာ ပြေးဆွဲပေးမည့် လေကြောင်းခရီးစဉ် သည်လည်း ရက်သတ္တပတ်လျှင် ၆ ရက် ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

23 Apr

ADVERTISE HERE .