“Naypyitaw State Academy ကို သုတေသနရှေ့ပြေးတက္ကသိုလ်အဖြစ် ထူထောင်ရေးပြင်ဆင်”
23 Apr
Naypyitaw State Academy ကို သုတေသနရှေ့ပြေးတက္ကသိုလ်အဖြစ် ထူထောင်နိုင်ရန် ပြင်ဆင်နိုင်ရန်အတွက် ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ချောချောစိန် က လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရပါတယ်။ အခုလိုကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက အကောင်အထည်ဖော်ရမယ့်ကိစ္စရပ်များကို လာရောက် လေ့လာခြင်းဖြစ်ကာ Naypyitaw State Academy က နိုင်ငံ့ဦးဆောင်တက္ကသိုလ်တစ်ခုဖြစ်သည့် အားလျော်စွာ ရှေ့ပြေး Pilot Project များကို အမြဲတမ်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Naypyitaw State Academy မှာ သုတေသနနှင့်တီထွင်ဆန်းသစ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူသားအရင်းအမြစ်များ၊ နိုင်ငံတကာအဆင့်မီ သုတေသနစက်ပစ္စည်းများ သင့်တင့်စွာ ဖြည့်ဆည်းထားပြီးဖြစ်၍ နိုင်ငံတော်အတွက် အကျိုးရှိပြီး ထိရောက်သောသုတေသနများ ထွက်ပေါ်လာစေရန် ရက် ၁၀၀ အတွင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ (NVS 004) ထို့အတူ Naypyitaw State Academy၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့မှာ Centre for Research and Innovation (CRI) ကို စတင်ထူထောင်အကောင်အထည်ဖော် သွားမှာဖြစ်ပါတယ်။(NVS 004)