“သာမန်မြန်မာနိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးခြင်းကို ပြန်လည်ထုတ်ပေးမည်”

23 Apr

ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများအတွက် သက်တမ်းတိုးလျှောက်ထားတဲ့ သာမန်မြန်မာနိုင်ငံကူး လက်မှတ်များကို ပုံမှန်အတိုင်း ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ သိရပါတယ်။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများရဲ့ သာမန်မြန်မာနိုင်ငံကူးလက်မှတ်များ သက်တမ်းတိုး လျှောက်ထား မှု များအတွက် ဆောင်ရွက်ပေးလျက်ရှိသော မြန်မာသံရုံး၏ နိုင်ငံကူးလက်မှတ် စာအုပ်ထုတ်ပေးတဲ့စက်မှာ ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်၍ ပြင်ဆင်ခဲ့ရာ ပြန်လည်ကောင်းမွန်ပြီဖြစ်လို့ နိုင်ငံကူးလက်မှတ် စာအုပ်များ ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါစက်ချို့ယွင်းစဉ်ကာလအတွင်း ထုတ်ပေးရန်ကျန်ရှိတဲ့ ပတ်စပို့စာအုပ်များကို သတ်မှတ်ရက်အလိုက် လာရောက်ထုတ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် လာရောက်ထုတ်ယူရာတွင် လက်ခံရရှိထားသည့် ပြေစာမူရင်းနှင့်အတူ နိုင်ငံကူးလက်မှတ်များ လာရောက်ထုတ်ယူရမည်ဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် ပြီးခဲ့တဲ့မတ်လ ၃၀ ရက်မှ ဧပြီလ ၃ ရက်အထိ လာရောက် လျှောက်ထားခဲ့သူများအနေနဲ့ ဧပြီလ ၂၂ ရက်(ဗုဒ္ဓဟူးနေ့) မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲအတွင်း ထုတ်ယူနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဧပြီလ ၆ ရက်မှ ၁၃ ရက်အထိ လာရောက်လျှောက်ထားခဲ့သူများ၏ နိုင်ငံကူးလက်မှတ်များကို ဧပြီလ ၂၃ ရက်(ကြာသပတေးနေ့) မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲအတွင်းအသီးသီးလာရောက်ထုတ်ယူနိုင်ကြောင်း အသိပေးထားပါတယ်။ ဆက်လက်၍ ဧပြီလ ၂၇ ရက်မှစတင်ပြီး အသစ်လာရောက်လျှောက်ထားသူများကို မူလသတ်မှတ်ထားတဲ့အတိုင်း အလုပ်လုပ်ရက် ၃ ရက်ယူ၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

23 Apr

ADVERTISE HERE .