“ကိုင်ဟာဗက် ကိုရောင်းချပြီး အယ်ဗာရက် အား ခေါ်ယူရန်ကြိုးပမ်းနေတဲ့ အာဆင်နယ်အသင်း”
22 Apr
အာဆင်နယ်အသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းတိုက်စစ်ပိုင်းမှ ကိုင်ဟာဗက် ကိုရောင်းချပြီး အက်သလက်တီကိုအသင်းမှ အယ်ဗာရက် အား ခေါ်ယူရန်ကြိုးပမ်း နေကြောင်း သိရပါတယ်။ အယ်ဗာရက် ဟာ ၂၀၂၄ ခုနှစ်မှာ မန်စီးတီးအသင်းမှ အက်သလက်တီကိုအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ သူဖြစ်ကာ အသင်းနှင့်အတူ ပြီးခဲ့တဲ့ဘောလုံးရာသီက ပထမဆုံးဘောလုံးရာသီမှာပင် ပြိုင်ပွဲစုံ ၅၄ ပွဲကစားပြီး ၂၉ ဂိုး သွင်းယူနိုင်သလို ယခုဘောလုံးရာသီတွင်လည်း ပြိုင်ပွဲစုံပွဲပေါင်း ၅၀ ကစားပြီးချိန်တွင် ၁၉ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ သို့သော် အယ်ဗာရက် က လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာပြီး ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကစားလိုသော်လည်း ဘာစီလိုနာအသင်းရဲ့ ငွေကြေးပိုင်းအကျပ်အတည်းများ ကြောင့် ခေါ်ယူရန်ခက်ခဲနေချိန်တွင် အာဆင်နယ်အသင်းက ခေါ်ယူရန်ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ အာဆင်နယ် အသင်းကလည်း တိုက်စစ်ပိုင်းတွင် ကိုင်ဟာဗက် ရဲ့ ခြေစွမ်းပိုင်းက တည်ငြိမ်မှုမရှိတာကြောင့် ၎င်းကို လာမည့် နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရောင်းချပြီး အယ်ဗာရက် နှင့် အစားထိုးလိုခြင်း ဖြစ်ပါတယ်။ အယ်ဗာရက်အား အာဆင်နယ်အသင်းအပြင် ဥရောပထိပ်တန်းအသင်းကြီးများဖြစ်သည့် ချယ်လ်ဆီးနှင့် ပီအက်စ်ဂျီအသင်းတို့ကလည်း ခေါ်ယူရန် ကြိုးပမ်းလျက်ရှိပြီး အက်သလက်တီကိုအသင်းက အယ်ဗာရက် အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၁၀ဝ သတ်မှတ်ဖွယ်ရှိနေပါတယ်။(NVS 008)