“လီဝမ်ဒေါစကီး ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် ဆွေးနွေးမှုများလုပ်ဆောင်နေတဲ့ ဂျူဗင်တပ်အသင်း”

22 Apr

အီတလီစီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်အသင်းက ယခုနှစ်နွေရာသီ ကစားသမားအပြောင်း အရွှေ့ကာလ တွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် တိုက်စစ်မှူး လီဝမ်ဒေါစကီး ကိုခေါ်ယူရန် ဆွေးနွေးမှု များလုပ်ဆောင်နေကြောင်း The Athletic သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် လီဝမ်ဒေါစကီး ဟာ ၂၀၂၂ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သော်လည်း ယခုနှစ် ဘောလုံးရာသီတွင် အသက်အရွယ်အပိုင်းအခြားအရ ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရတဲ့အတွက် ဘာစီလိုနာ အသင်းက ယခုနှစ်ဘောလုံးရာသီအကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းကလည်း လာမည့်နှစ်ဘောလုံးရာသီ အီတလီစီးရီးအေပြိုင်ပွဲတွင် ချန်ပီယံဆုကို ပြန်လည်စိန်ခေါ် နိုင်ရန် အသင်းတိုက်စစ်ပိုင်းအတွက် လီဝမ်ဒေါစကီး ကိုခေါ်ယူရန် ဆွေးနွေးနေခြင်းဖြစ်ပါတယ်။(NVS 008)

22 Apr

ADVERTISE HERE .