“ကိုနာတေး နဲ့ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုရန် လီဗာပူးအသင်း သဘောတူညီမှုရရှိ”

22 Apr

လီဗာပူးအသင်းက ခံစစ်ကစားသမား ကိုနာတေး ကို ၂၀၂၈ ခုနှစ်ထိ နှစ်နှစ်သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ကြောင်း B/R Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၆ နှစ်ရှိ ကိုနာတေး ဟာ ၂၀၂၁ ခုနှစ်က လိုက်ပ်ဇစ်အသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ လီဗာပူးအသင်းက ကိုနာတေး ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်မလွှတ်လိုခြင်းမရှိတာကြောင့် ယခုနှစ်ဘောလုံးရာသီ အစပိုင်းကတည်းက သက်တမ်းတိုးရန် ကမ်းလှမ်းမှုများလုပ်ဆောင်ခဲ့သော်လည်း ကိုနာတေး က ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ ကစားလိုတဲ့အတွက် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်ပါတယ်။ နောက်ပိုင်းတွင် ကိုနာတေး က ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ကာ လီဗာပူးအသင်းနှင့် သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ရာမှ ၂၀၂၈ ခုနှစ်ထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့တာ ဖြစ်ပါတယ်။(NVS 008)

22 Apr

ADVERTISE HERE .