“ရာဖေးလီအို ရဲ့နေရာမှာ ချဲလ်ဆီးအသင်းမှ ဂါနာချို နဲ့ အစားထိုးဖို့ပြင်ဆင်နေတဲ့ အေစီမီလန်အသင်း”

22 Apr

အေစီမီလန်အသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာမည့် တောင်ပံတိုက်စစ်ကစားသမား ရာဖေးလီအို ရဲ့နေရာမှာ ချဲလ်ဆီးအသင်းမှ ဂါနာချို နဲ့အစားထိုးရန် ပြင်ဆင်နေကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဂါနာချို ဟာ မန်ယူနည်းပြဟောင်း အာမိုရင် နဲ့ ဆက်ဆံရေးတင်းမာမှုများ ရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက မန်ယူအသင်းမှ ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်းတွင် ခြေစွမ်းပြသ နိုင်ခြင်းမရှိခဲ့လို့ ချဲလ်ဆီးအသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ပြန်လည်ရောင်းချရန် ဆုံးဖြတ်ထားခြင်းဖြစ်ပါတယ်။ ဂါနာချို အနေနဲ့ လက်ရှိဘောလုံးရာသီအစပိုင်းက အသင်းတွင် ကစားခွင့်ရရှိခဲ့သော်လည်း နည်းပြ ရိုစီနီယာ လက်အောက်တွင် ကစားခွင့်များ နည်းပါးနေတဲ့အတွက် ပုံမှန်ပွဲထွက်ခွင့်ရရှိမည့် အသင်းတစ်သင်းသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေပြီး ချဲလ်ဆီးအသင်းကလည်း ထွက်ခွာရန်ခွင့်ပြုထားကြောင်း သိရပါတယ်။ (NVS 008)

22 Apr

ADVERTISE HERE .