“စွမ်းရည်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့များဖြစ်အောင် စနစ်တကျလေ့ကျင့်ဆောင်ရွက်ပေးရန်လိုအပ်”
22 Apr
စွမ်းရည်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့များဖြစ်အောင် စနစ်တကျလေ့ကျင့်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဧပြီလ ၂၁ ရက်တွင်ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်ပတ်သက်၍ ပြည်သူများနှင့် အဓိကထိတွေ့ ဆောင်ရွက် လျက်ရှိသည့် ရပ်ကွက်ကျေးရွာအဆင့်၊ မြို့နယ်အဆင့်များ၌ တာဝန်ယူထားရသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ အနေဖြင့်လည်း နိုင်ငံတော်မှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများ၊ အုပ်ချုပ်ရေးအခြေခံသဘော တရားများကို သိရှိနားလည်သော စွမ်းရည်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ဖြစ်ကြရန်လိုကြောင်း၊ ထို့ပြင် အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် အဂတိများကင်းရှင်းရန်လိုကြောင်း၊ ထို့ကြောင့် စွမ်းရည်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့များ ဖြစ်အောင် စနစ်တကျလေ့ကျင့် ဆောင်ရွက်ပေးသွားရန်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သည့် လောင်စာဆီနှင့် သွင်းအားစု များရရှိနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ကြိုတင်စုဆောင်းဖြည့်တင်းထားရန်၊ ယခင်နှစ်အများအတွင်း ရင်ဆိုင်ကြုံတွေ့ ခဲ့ရသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် ပတ်သက်၍လည်း ဖိဖိစီးစီးကိုင်တွယ်ဖြေရှင်း တိုက်ဖျက် သွားကြရန်လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်ပတ်သက်၍လည်း အဓိကထုတ်လုပ်နေသည့် နေရာများကို ဖော်ထုတ်ရှင်းလင်းတိုက်ဖျက်သွားနိုင်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။(NVS 004)