“အာရှဖလား ယူ- ၂၀ အမျိုးသမီးပြိုင်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာအမျိုးသမီးဒိုင်နှစ်ဦး”

21 Apr

၂၀၂၆ အာရှဖလား ယူ-၂၀ အမျိုးသမီးပြိုင်ပွဲမှာ မြန်မာအမျိုးသမီးဒိုင်လူကြီးနှစ်ဦးဖြစ်တဲ့ ဒေါ်ခင်ငြိမ်းချမ်းနဲ့ ဒေါ်မေသက်ဖြူတို့ဟာ ပွဲစဉ် ၂ ပွဲ တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ပါတယ်။ မြန်မာအမျိုးသမီးဒိုင်လူကြီးနှစ်ဦးဖြစ်တဲ့ ဒေါ်ခင်ငြိမ်းချမ်း က ကွင်းလယ်ဒိုင်လူကြီးအဖြစ်လည်းကောင်း၊ ဒေါ်မေသက်ဖြူက အကူဒိုင်လူကြီးအဖြစ်လည်းကောင်း ၂၀၂၆ အာရှဖလား ယူ- ၂၀ အမျိုးသမီးပြိုင်ပွဲမှာ တာဝန် ထမ်းဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အုပ်စုအဆင့်ပွဲစဥ်တစ်ပွဲဖြစ်တဲ့ ဂျပန်အသင်းနဲ့ အိန္ဒိယအသင်းတို့ ယှဥ်ပြိုင်ကစားတဲ့ပွဲမှာ ဒေါ်ခင်ငြိမ်းချမ်းက ကွင်းလယ်ဒိုင်၊ ဒေါ်မေသက်ဖြူက အကူဒိုင် (၁) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ဆီမီးဖိုင်နယ်ပွဲတစ်ပွဲဖြစ်တဲ့ ဂျပန်အသင်းနဲ့ တရုတ်အသင်းတို့ ယှဥ်ပြိုင်ကစားတဲ့ပွဲမှာလည်း ဒေါ်ခင်ငြိမ်းချမ်းက ကွင်းလယ်ဒိုင်အဖြစ် ဒေါ်မေသက်ဖြူ နှင့်အတူ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အာရှဘောလုံးအဖွဲ့ချုပ်(AFC)ဟာ မြန်မာအမျိုးသမီးဒိုင်လူကြီး ၂ ဦးရဲ့ အုပ်စုတွင်းပွဲ ကိုင်တွယ်ခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် ဂျပန်အသင်းနဲ့တရုတ်အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲကို ဆက်လက် ကိုင်တွယ်ဖို့ ယုံယုံကြည်ကြည်တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၆ အာရှဖလား ယူ-၂၀ အမျိုးသမီးပြိုင်ပွဲကို ဧပြီလ ၁ ရက်ကနေ ၁၈ ရက်အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ပတ်ထမ်ထာနီနဲ့ နွန်သန်ဘူရီမြို့ နှစ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ (NVS 008)

21 Apr

ADVERTISE HERE .