“ချန်ပီယံဆု အများဆုံးရရှိထားတဲ့ ဖာဂူဆန်ရဲ့ စံချိန်ကို လိုက်မီဖို့ တစ်ကြိမ်သာ လိုအပ်တော့တဲ့ ဂွါဒီယိုလာ”
21 Apr
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ ဟာ ဥရောပထိပ်သီးလိဂ် ၅ ခုမှာ အမှတ်ပေးချန်ပီယံဆု အများဆုံး ရရှိထားတဲ့ မန်ယူဂန္ထဝင်နည်းပြ ဖာဂူဆန် ရဲ့စံချိန်ကို လိုက်မီဖို့ တစ်ကြိမ်သာ လိုအပ်တော့ကြောင်း သိရပါတယ်။ ဖာဂူဆန်ဟာ မန်ယူအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆု ၁၃ ကြိမ် ရယူပေးထားတာကြောင့် ဥရောပ ထိပ်သီးလိဂ် ၅ ခု (ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒစ်လီဂါ၊ စီးရီးအေ၊ ပြင်သစ်လီဂူး)ထဲမှာ မှတ်ပေးချန်ပီယံဆု အများဆုံးရရှိတဲ့နည်းပြအဖြစ် စံချိန်တင်ထားခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာ က မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ၆ ကြိမ်၊ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒစ်လီဂါချန်ပီယံဆု ၃ ကြိမ်၊ ဘာစီလိုနာနဲ့အတူ လာလီဂါချန်ပီယံဆု ၃ ကြိမ် ရရှိထားတာကြောင့် အမှတ်ပေး ချန်ပီယံဆု စုစုပေါင်း ၁၂ ကြိမ် ရရှိထားပါတယ်။ ဒါကြောင့် ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့ရင် ဂွါဒီယိုလာ အနေနဲ့ ဥရောပထိပ်သီးလိဂ် ၅ ခုမှာ (၁၃)ကြိမ်မြောက် အမှတ်ပေးချန်ပီယံဆု ရရှိပြီး ဖာဂူဆန်ရဲ့စံချိန်ကို လိုက်မီသွားမှာဖြစ်ပါတယ်။ (NVS 008)