“ONE Friday Fights 155 ပြိုင်ပွဲမှာ ဗီရိုနီကာနဲ့ ဂျပန်အမျိုးသမီးဖိုက်တာ ကာနာမိုရီမိုတို ထိုးသတ်မည်”
21 Apr
လာမယ့်မေလ ၂၂ ရက်မှာ ကျင်းပမယ့် ONE Friday Fights 155 ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးဖိုက်တာ ဗီရိုနီကာ နှင့် ဂျပန်အမျိုးသမီးဖိုက်တာ ကာနာမိုရီမိုတို ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ကြောင်း ONE Championship ပရိုမိုးရှင်းရဲ့ ကြေညာချက်အရ သိရပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးဖိုက်တာ ဗီရိုနီကာ နှင့် ဂျပန်အမျိုးသမီးဖိုက်တာ ကာနာမိုရီမိုတို တို့က ကစ်ဘောင်ဆင် အက်တမ်ဝိတ်တန်း (၁၁၅ ပေါင်)တွင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဂျပန်အမျိုးသမီးဖိုက်တာ ကာနာမိုရီမိုတို ဟာ ကစ်ဘောင်ဆင်ဖိုက်တာဖြစ်ပြီး ONE Championship မှာ လေးပွဲထိုးသတ်ထားရာ နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားပါတယ်။ မြန်မာအမျိုးသမီးဖိုက်တာ ဗီရိုနီကာ ဟာ ONE Championship မှာ လေးပွဲထိုးသတ်ထားပြီး သုံးပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပါတယ်။ ဂျပန်အမျိုးသမီးဖိုက်တာ ကာနာမိုရီမိုတို ဟာ မြန်မာအမျိုးသမီးဖိုက်တာ ဗီရိုနီကာနဲ့ ထိုးသတ်လိုကြောင်း စတင်စိန်ခေါ်ခဲ့သူဖြစ်ပြီး ဗီရိုနီကာ ကလည်း ချက်ချင်းဆိုသလို လက်ခံကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် ONE Championship ပရိုမိုးရှင်းက မြန်မာအမျိုးသမီးဖိုက်တာ ဗီရိုနီကာနဲ့ ဂျပန်အမျိုးသမီးဖိုက်တာ ကာနာမိုရီမိုတို တို့ရဲ့ပွဲကို ကစ်ဘောင်ဆင် အက်တမ်ဝိတ်တန်းအဖြစ် စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)