“တန်းဆင်းရဖို့ သေချာသွားခဲ့တဲ့ ဝုလ်ဗ်အသင်း”
21 Apr
ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ ရဲ့ လက်ကျန်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ ပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့တာကြောင့် ဝုလ်ဗ်အသင်းဟာ အခုရာသီကုန်မှာ တန်းဆင်းရဖို့ သေချာသွားခဲ့ပါတယ်။ ဝုလ်ဗ်အသင်းဟာ ရမှတ် ၁၇ မှတ်သာရရှိထားပြီး အဆင့် (၁၇) နေရာက ဝက်စ်ဟမ်းအသင်းက ရမှတ် ၃၃ မှတ် ရရှိထားတာကြောင့် ရမှတ် ၁၆ မှတ်အထိ ကွာခြားခဲ့လို့ တန်းဆင်းခဲ့ခြင်း ဖြစ်ပါတယ်။ ဝုလ်ဗ်အသင်းဟာ ၂၀၁၇-၁၈ ရာသီကတည်းက ပထမဆုံးအဖြစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှစ်နှစ်ကြာ ကစားပြီးနောက် တန်းပြန်ဆင်းခဲ့ရပါတယ်။ အခုရာသီမှာ ဝုလ်ဗ်အသင်းဟာ နိုင်ပွဲသုံးပွဲသာ ရရှိခဲ့ပြီး ပထမဆုံးနိုင်ပွဲရဖို့ ဇန်နဝါရီလအထိ စောင့်ဆိုင်းခဲ့ရပါတယ်။ (NVS 008)
21 Apr