“မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံပူးပေါင်း၍ ရေနံနှင့်ရေနံထွက်ပစ္စည်းများ ရေရှည်ဖြည့်ဆည်းပေးနိုင်ရန် သဘောတူညီမှု လက်မှတ်ရေးထိုး”

21 Apr

မြန်မာ-ရုရှား-တရုတ် ၃ နိုင်ငံပူးပေါင်း၍ မြန်မာနိုင်ငံအတွက် ရေနံနှင့် ရေနံထွက်ပစ္စည်းများအား ရေရှည်ဖြည့်ဆည်းပေးနိုင်ရန် သဘောတူညီမှုလက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် Mr. Anton Kobyakov နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး Mr. S.E.Tsivilev တို့၏ ဖိတ်ကြားမှုအရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုမှတစ်ဆင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအတွက် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် အခုလို လက်မှတ်ရေးထိုးခဲ့တာလို့ သိရပါတယ်။ ပြည်ထောင်စုဝန်ကြီးက ရုရှားနိုင်ငံခရီးစဉ်အတွင်း နိုင်ငံအကြီးအကဲများနှင့်ဒေသဆိုင်ရာအကြီးအကဲများ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍနှင့်သက်ဆိုင်တဲ့ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာ-ရုရှား-တရုတ် ၃ နိုင်ငံပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေးဆောင်ရွက်သွားမည့် အစီအမံများအားဆွေးနွေး ခဲ့တယ်လို့လည်း သိရပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဟာ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် ဧပြီလ ၁၂ ရက်မှ ၁၉ ရက်အထိ ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့သွားရောက်ခဲ့ပြီး ဧပြီလ ၁၉ ရက်မှာ မန္တလေးအပြည်အပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိလာတယ်လို့ သိရပါတယ်။ (NVS 004)

21 Apr

ADVERTISE HERE .