“မြန်မာသံရုံး၏ လုပ်ငန်းဆောင်တာများကို မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ ကြားခံဆောင်ရွက်ရန် တာဝန်ပေးထားခြင်းမရှိဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံးထုတ်ပြန်”
21 Apr
ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးအနေဖြင့် သံရုံး၏ လုပ်ငန်းဆောင်တာများကို မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ ကြားခံဆောင်ရွက်ရန် တာဝန်ပေးထားခြင်းမရှိဟု ဧပြီလ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။ သံရုံးဆိုင်ရာ ကိစ္စရပ်များကို သံရုံးကသာ ဆောင်ရွက်ပေးလျက်ရှိနေခြင်းဖြစ်ကာ ယင်းသို့ဆောင်ရွက်ရာ၌ လျှောက်ထားသူများက ပူးတွဲတင်ပြလာသော အထောက်အထား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိမရှိ စိစစ်ပြီး အချိန်ကြန့်ကြာမှုမရှိစေရန် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် မြန်မာသံရုံး၏ လုပ်ငန်းဆောင်တာများကို မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ ကြားခံ ဆောင်ရွက်ရန် တာဝန်ပေးထားခြင်းမရှိပါကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ (NVS 004)
21 Apr