“ပွင့်ဖြူနှင့်စလင်းမြို့နယ် လေဘေးသင့်သူများကို အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့”
21 Apr
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့မှာ ဧပြီလ ၁၉ ရက်ညနေ ၅ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်ပျက်စီးခဲ့ပြီး လေဘေးသင့်သူများကို ဧပြီလ ၂၀ ရက်နံနက်ပိုင်းက အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ စလင်းမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက် ၁ ခုနှင့် ကျေးရွာ ၆ ရွာတို့ရှိ နေအိမ် ၄၈ လုံးမှာ လုံးဝပျက်စီး၊ နေအိမ် ၂၃၈ လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့တာကြောင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၁၆,၇၀၀,၀၀၀ သိန်း၊ လေဘေးသင့်သူ ၇၈၇ ဦးအတွက် နှစ်ပတ်စာစားနပ်ရိက္ခာဆန်ဖိုးငွေကျပ် ၃,၉၃၅,၀၀၀ သိန်း၊ ထိခိုက်ဒဏ်ရာရသူ ၁ ဦးအတွက် ငွေကျပ် ၅၀,၀၀၀ တို့ကိုထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အိမ်ထောင်စု ၄၈ စုစာအတွက် ငွေကျပ် ၅,၀၆၈,၅၄၄ သိန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း ၁၆မျိုးကိုလည်း လေဘေးသင့်သူများကိုထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)