“အခြားနိုင်ငံများပြည်တွင်းရေးကို အမေရိကန် တရားမဝင် ဝင်ရောက်စွက်ဖက်နေသည်ဟု ဘရာဇီးသမ္မတဝေဖန်”
20 Apr
အမေရိကန်နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သဘောတူညီချက်မရှိဘဲ အခြားနိုင်ငံများအပေါ် ဝင်ရောက်စွက်ဖက်ပြီး ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုကို ခြိမ်းခြောက်နေသည်ဟု ဘရာဇီးသမ္မတ လူလာ က ဧပြီလ ၁၈ ရက်တွင် ဝေဖန်ပြောကြားခဲ့သည်။ အမေရိကန်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သဘောတူညီချက်မရှိဘဲ အခြားနိုင်ငံများအပေါ် ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများကမူ အမေရိကန်၏စတင်မှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများအတွက် စီးပွားရေးကုန်ကျစရိတ်များကို ခံယူနေရကြောင်း လူလာ က ထိုနေ့ စပိန်နိုင်ငံ၊ ဘာစီလိုနာ မြို့တွင် ကျင်းပသောအစည်းအဝေး၌ ပြောကြားခဲ့သည်။ အီရန်ကို အမေရိကန်ကျူးကျော်မှုကြောင့် ဘရာဇီးမှာ ပဲဈေးနှုန်းတွေ မြင့်တက်လာတယ်၊ မက္ကဆီကိုရဲ့ ပြောင်းဖူးဈေးနှုန်းတွေ မြင့်တက်လာတယ်၊ အခြားနိုင်ငံတွေမှာ ဓာတ်ဆီဈေးနှုန်းတွေ မြင့်တက်လာတယ်။ “ဒီလို ဘယ်သူမျှမမြင်လိုတဲ့ တာဝန်မဲ့စစ်ပွဲအတွက် ကုန်ကျစရိတ်ကို ဆင်းရဲသားတွေက ပေးဆပ်ရမှာလား” ဟု ၎င်းကပြောကြားခဲ့သည်။ ကမ္ဘာပေါ်ရှိ မည်သည့်သမ္မတကမျှ စည်းမျဉ်းများကို အခြားနိုင်ငံများအပေါ် အတင်း အကျပ် ချမှတ်ပိုင်ခွင့်မရှိကြောင်း လူလာ က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ မနက်အိပ်ရာထရာကနေ ည အိပ်ရာဝင်ချိန်အထိ သမ္မတတစ်ယောက်က အွန်လိုင်းပို့စ်တွေတင်ပြီး ကမ္ဘာကြီးကို ခြိမ်းခြောက်၊ စစ်ပွဲတွေ ဖော်ဆောင် နေတာကို နေ့တိုင်းမြင်တွေ့နေလို့မရဘူး” ဟု ၎င်းကဆိုသည်။ အမေရိကန်နှင့် အစ္စရေးတို့က ဖေဖော်ဝါရီ လကုန်ပိုင်းတွင် အီရန်အား စစ်ရေးတိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက်ပိုင်း ဟော်မုဇ်ရေလက်ကြား ရေကြောင်းသယ်ယူ ပို့ဆောင်ရေးသည် အဆက်မပြတ် အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ အဆိုပါရေလက်ကြားသည် ကမ္ဘာတစ်ဝန်း ဓာတ်မြေဩဇာကုန်သွယ်ရေး ရေကြောင်းသယ်ယူပို့ဆောင်မှု သုံးပုံတစ်ပုံခန့်ကို ကိုင်တွယ်ထားသည်။ တစ်ချိန်တည်း တွင် သဘာဝဓာတ်ငွေ့သည် နိုက်ထရိုဂျင် ဓာတ်မြေဩဇာထုတ်လုပ်ရန် အရေးကြီးသော ကုန်ကြမ်းတစ်ခုဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသသည် ယူရီးယားစသည့် အများစု နိုက်ထရိုဂျင်ဓာတ်မြေဩဇာများအား အဓိကတင်ပို့သည့် နိုင်ငံဖြစ်သည်။ လက်ရှိတွင် ဘရာဇီးစသည့် စိုက်ပျိုးရေး အဓိကနိုင်ငံကြီးများသည် အရှေ့အလယ်ပိုင်းမှ နိုက်ထရိုဂျင် ဓာတ်မြေဩဇာဝယ်ယူရန် အခက်အခဲကြုံတွေ့နေရပြီး အိန္ဒိယ၊ ပါကစ္စတန် စသည့် နိုက်ထရိုဂျင်ဓာတ်မြေဩဇာ ထုတ်လုပ်သည့်နိုင်ငံများမှာ ကုန်ကြမ်းဝယ်ယူရန် အခက်အခဲကြုံတွေ့နေရသည်။ (Repost from Xinhua Myanmar)