“မကွေးဒေသထွက် ကျောက်မီးသွေး ၅,ဝဝဝ တန်ဝယ်ယူရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီက တင်ဒါခေါ်ယူ”
20 Apr
နေပြည်တော်စည်ပင်သာယာရေးကော်မတီပိုင် နေပြည်တော်အုတ်စက်ရုံတွင် အသုံးပြုရန်အတွက် မကွေးတိုင်းဒေသကြီးထွက် ကျောက်မီးသွေး ၅,၀၀၀ တန်ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း အဆိုပါ ကော်မတီမှ သိရပါတယ်။ ဝယ်ယူလိုသည့် ကျောက်မီးသွေး ၅,၀၀၀ တန်မှာ ရေငွေ့ပါဝင်မှုနှုန်း ၁၂ ရာခိုင်နှုန်း၊ အပူဓာတ်ပေးသည့်နှုန်း 5000 KCal/Kg, 9000 Btu/L ရှိရမည်ဖြစ်ပြီး ရောင်းချလိုသူများ အိတ်ဖွင့်တင်ဒါပေးသွင်းရမှာြဖစ်ပါတယ်။ ဒါကြောင့် စိတ်ပါဝင်စားသည့် ရောင်းချလိုသူများသည် ဧပြီလ ၉ ရက်မှစ၍ တင်ဒါပုံစံများကို နေပြည်တော်အုတ်စက်ရုံတွင် ရယူနိုင်ပြီး ဧပြီလ ၂၃ ရက်နောက်ဆုံးထားကာ ပြန်လည်တင်သွင်းပေးရမှာဖြစ်ပါတယ်။ တင်ဒါပုံစံနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအနီး ပျဉ်းမနား-တောင်ညိုကားလမ်း၊ မိုင်တိုင်-၁၆/၄ ရှိ နေပြည်တော်အုတ်စက်ရုံသို့ ရုံးချိန်အတွင်း မေးမြန်းစုံစမ်း ထုတ်ယူ နိုင်ကြောင်း သိရပါတယ်။(NVS-004)