“မန်ယူအသင်းနဲ့သတင်းတွေကို ငြင်းဆန်ခဲ့တဲ့ ကိုးလ်ပါလ်မာ”

19 Apr

ချဲလ်ဆီးကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာ က မန်ယူအသင်းနဲ့ သတင်းတွေကို ရယ်မောပြီး ငြင်းဆန်ခဲ့ပါတယ်။ ပါလ်မား က ချဲလ်ဆီးအသင်းကနေ ထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့လည်း ဖြည့်စွတ်ပြောကြားခဲ့ပါတယ်။ ပါလ်မာ ဟာ ၂၀၂၃ ခုနှစ်မှာ မန်စီးတီးအသင်းကနေ ပေါင် ၄၂ ဒသမ ၅ သန်းနဲ့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ပါလ်မာ အနေနဲ့ အီတီဟတ်မှာ ၁၃ နှစ်ကြာမြင့်ခဲ့ပေမယ့် ငယ်ဘဝက မန်ယူအသင်း ပရိသတ်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ ၁၂၄ ပွဲကစား ၅၃ ဂိုး သွင်းယူထားပြီး ပထမဆုံးနှစ်ရာသီမှာ ၄၃ ဂိုး သွင်းယူခဲ့ပေမယ့် အခုရာသီမှာတော့ ၁၀ ဂိုးသွင်းယူထားပါတယ်။ ပါလ်မာ ဟာ ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၄ ခုနှစ်ကမှ ၂၀၃၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားတာ ဖြစ်ပါတယ်။ (NVS-008)

19 Apr

ADVERTISE HERE .