“ဂျာမန်လူမျိုးနည်းပြ မာကိုရို့စ် ကို အသင်းနည်းပြအဖြစ် ခန့်အပ်ဖွယ်ရှိနေတဲ့ ဘုန်းမောက်အသင်း”

19 Apr

ဘုန်းမောက်အသင်းဟာ ရာသီကုန်မှာ ဂျာမန်လူမျိုးနည်းပြ မာကိုရို့စ်ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ နီးစပ်နေပါတယ်။ လက်ရှိနည်းပြ အီရာအိုလာဟာ ရာသီကုန်မှာ ထွက်ခွာတော့မယ်လို့ ဘုန်းမောက်အသင်းက ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အတည်ပြုကြေညာခဲ့ပါတယ်။ ဘုန်းမောက်အသင်းနည်းပြသစ်အဖြစ် အစ်ဝစ်ချ်အသင်းနည်းပြ မစ်ကန်နာ၊ ဗယ်လက်ကာနိုအသင်းနည်းပြ အီနီဂိုပီရက်ဇ်တို့လည်းသတင်းထွက်နေပါတယ်။ မာကိုရို့စ် ဟာ ၂၀၂၅ ခုနှစ် မတ်လမှာ လိုက်ပ်ဇစ်အသင်းကနေ ထုတ်ပယ်ခံရပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေပြီး ဒေါ့မွန်၊ မိုချန်ဂလာဘတ်၊ ဆာလ်ဇ်ဘာ့ဂ်အသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စပါးအသင်း သောမတ်စ်ဖရန့်ခ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ချိန် ရေပန်းစားသူထဲ မာကိုရို့စ် လည်း ပါဝင်ခဲ့ပါတယ်။ (NVS-008)

19 Apr

ADVERTISE HERE .