“ရပ်ရှ်ဖို့ဒ် ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မဆုံးဖြတ်ရသေးဘူးဆိုတဲ့ ကာရစ်”
19 Apr
မန်ယူအသင်းနည်းပြ မိုက်ကယ်ကာရစ်က ဘာစီလိုနာမှာ အငှားသွားကစားနေတဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအသင်းအနေနဲ့ မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ် ဟာ ဘာစီလိုနာအသင်းမှာ တစ်ရာသီအငှားသွားကစားနေတာဖြစ်ပြီး ဘာစီလိုနာအနေနဲ့ အငှားစာချုပ်မှာ ယူရို သန်း ၃၀ ပေးကာ အပြီးသတ်ခေါ်ယူခွင့်ပါရှိတဲ့အချက် ပါဝင်ပါတယ်။ ဘာစီလိုနာအသင်းဟာ ရပ်ရှ်ဖို့ဒ် ကို အပြီးသတ်ခေါ်ယူဖို့ ဇွန်လ ၁၅ ရက်အထိ စဉ်းစားချိန်ရှိထားပါတယ်။ ရပ်ရှ်ဖို့ဒ် ဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း နှစ်နှစ်ကျန်သေးပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရင် လစာငွေ ၂၅ ရာခိုင်နှုန်း တိုးမြှင့်ရရှိမယ့်အချက် စာချုပ်ထဲမှာ ပါဝင်ပါတယ်။ လက်ရှိမှာ ကာရစ် သာ မန်ယူအသင်း အမြဲတမ်းနည်းပြဖြစ်လာပါက အသင်းဖော်ဟောင်းလည်းဖြစ်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ် ကို အခွင့်အရေးပေးသွားမယ်လို့ သတင်းတွေက သုံးသပ်နေကြပါတယ်။ (NVS-008)